
ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီး အသင်းက ပွဲဦးထွက် မှာပဲ တန်းတက် အသင်း ဟားစီးတီးကို ရှုံးသွား ပါတယ်။
ဟာစီးတီး အတွက် ဦးဆောင် ဂိုးကို ဒီယိုမန်ဒီက ပထမပိုင်း ပြီးကာနီးမှာ နောက်ပြန် ကန်ချက်နဲ့ လှလှပပ သွင်းယူ ပါတယ်။
ဒီဂိုးဟာ ပရီးမီးယားလိဂ် ရာသီ သစ်ရဲ့ အဖွင့်ဂိုး အဖြစ်လည်း မှတ်တမ်း ၀င်သွားပါတယ်။ လက်စတာ အတွက် ချေပဂိုးကို မာရက်ဇ်က ပင်နယ်တီ ကနေ သွင်းယူပါတယ်။
ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့် လက်စတာက ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရ ခဲ့ပါတယ်။ တိုက်စစ်မှူး ဗာဒီ အခွင့်အရေးတွေကို အသုံး မချလို့ ဂိုးတွေနဲ့ လွဲနေ တာပါ။
ဟားစီးတီး အတွက် ဒုတိယဂိုးကို ၅၇ မိနစ်မှာ စနိုးဂရက်စ်က သွင်းယူပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံအသင်းတွေအနေနဲ့ ရာသီအစ ပွဲဦးထွက်မှာ ၁၉၈၉ နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ရှုံးနိမ့်တာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/163754





No comments:
Post a Comment