မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 14, 2016

မန်စီးတီး ၂-၁ ဆန်းဒါးလန်း၊ အဲဗာတန် ၁-၁ စပါး (ရုပ်သံဟိုက်လိုက်)




သြဂုတ် ၁၃ ရက်နေ့ ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်စီးတီး နိုင်ပြီး ပွဲစဉ် အများစု ကတော့ သရေ ကျ သွားပါတယ်။

မန်စီးတီးက အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ကပ်ပြီး ဆန်းဒါးလန်းကို အနိုင်ရ သွားတာပါ။ စီးတီးက ဒီပွဲမှာ ဂိုးသမား ဂျိုးဟတ် ချန်ထားပြီး ယှဉ်ပြိုင် သွားတာပါ။

ဘောလုံး ပိုင်ဆိုင်မှု တဖက်သတ် အသာစီး ယူနိုင်ခဲ့ သလို ထိုးဖောက် ကန်သွင်း ခွင့်တွေလည်း ပိုရခဲ့ ပါတယ်။



ကျန်ပွဲစဉ်တွေ မှာတော့ စပါးက အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားပြီး အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျ သွားပါတယ်။

အဲဗာတန် အတွက် ဦးဆောင် ဂိုးကို ဘာကလေက ပွဲအစ ၅ မိနစ်မှာ သွင်းယူ ပါတယ်။

စပါးအတွက် ချေပဂိုးကို ၅၉ မိနစ်မှာ လာမယ်လာက သွင်းယူပြီး သရေ တမှတ်စီ ခွဲယူလိုက်ရပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/163774

No comments:

Post a Comment