
မန်ချက်စတာ ယူနိုက်တက် အသင်းက ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူ ထားတဲ့ ကွင်းလယ် သမား ပေါ့ဘာဟာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ဘုန်းမောက်နဲ့ ဒီနေ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
ပြစ်ဒဏ်ဟာ ပြီးခဲ့တဲ့ ရာသီက ဂျုဗင်တပ် အတွက် ကိုပါ အီတာလီရာ ဖလားပြိုင်ပွဲမှာ အ၀ါကတ် ၂ ကတ် ထိပြီး တပွဲပယ် ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရ ပါတယ်။
အက်ဖ်အေ ကတော့ အဲဒီပြစ်ဒဏ်ဟာ ပရီးမီးယားလိဂ်မှာ ဆက်လက် ခံယူရမှာ ဖြစ်လို့ ပွဲပယ် ခံရတာလို့ ပြောပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/163783

No comments:
Post a Comment