
တိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် ပြန်ကစား ပေးမယ့် ဆုံးဖြတ် ချက်ကို ဘာစီလိုနာ နည်းပြက ကြိုဆို လိုက်ပါတယ်။
တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လ ထဲမှာ လက်ရွေးစင် အသင်းကနေ အနား ယူကြောင်း ကြေညာ ခဲ့တာပါ။
ဒါပေမယ့် အာဂျင်တီးနား ဘောလုံး ပရိသတ်တွေနဲ့ လက်ရှိ နည်းပြ တို့က မက်ဆီကို ပြန်ကစားဖို့ တိုက်တွန်း ခဲ့ပါတယ်။
မက်ဆီ ကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမှာ ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်နေ့က တရားဝင် အသိပေးစာ ထုတ်ပြန်ထားပါတယ်။
မက်ဆီရဲ့ လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမယ့် ဆုံးဖြတ်ချက်အပေါ် အာဂျင်တီးနား ပြည်သူတွေကလည်း ကြိုဆိုခဲ့ပါတယ်။
နည်းပြ ဟင်နရီကေးရဲ့ ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းနဲ့ စပိန်စူပါဖလား ပြိုင်ပွဲ ပထမကျော့ပွဲစဉ်ကို ဒီကနေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/163795





No comments:
Post a Comment