
မန်ယူ ကွင်းလယ် ကစားသမား ပေါ့ဘာဟာ စွယ်စုံရ ကစား သမား တဦးဖြစ်ပြီး သူ့ကို ခေါ်ယူနိုင် ခဲ့တာဟာ ကံကောင်းမှု တခု ဖြစ်တယ်လို့ မန်ယူ တိုက်စစ်မှူး ရက်ဖို့ဒ်က ချီးကျူး ပြောကြား လိုက်ပါတယ်။
အီတလီ ကလပ် ဂျုဗင်တပ်စ် အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ ခဲ့တဲ့ ပေါ့ဘာဟာ ကွင်းလယ်၊ တိုက်စစ်နဲ့ ခံစစ် ပိုင်းတွေမှာ အကောင်းဆုံး ကစားနိုင် သလို ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းခြေလည်း ရှိတာကြောင့် အသင်းမှာ ဒီလို စွယ်စုံရတဲ့ ကစားသမား တဦးရှိတာဟာ ကံကောင်း တယ်လို့ လူငယ် တိုက်စစ်မှူး ရက်ဖို့ဒ်က ဆိုပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စအသင်းမှာ ကစားခဲ့တုန်းက ပွဲပယ်ပြစ်ဒဏ်ရှိခဲ့လို့ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
အသက် ၁၈ နှစ်သာရှိသေးတဲ့ အင်္ဂလက်ရွေးစင်တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာ သီက မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၁ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်း ခဲ့ပါတယ်။
မန်ယူတိုက်စစ်မှာ အီဗရာဟီမိုဗစ်နဲ့ ရွန်းနီတို့လိုအတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတွေရှိတာ ကြောင့် သူတို့ဆီက အများကြီးသင်ယူသွားမယ်လို့လည်း ရက်ဖို့ဒ်က ပြောပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/163851





No comments:
Post a Comment