
သြဂုတ် ၁၄ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက ဘုန်းမောက်ကို အဝေး ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
မန်ယူ အတွက် ဦးဆောင်ဂိုးကို တဘက် နောက်ခံလူ အမှားကနေ ကွင်းလယ် ကစားသမား မာတာက မိနစ် ၄၀ မှာ သွင်းယူ ပါတယ်။
ဒီပွဲမှာ မန်ယူ အသင်း ဘောလုံး ပိုင်ဆိုင်မှု သာသလို ထိုးဖောက် ကန်သွင်း ခွင့်တွေလည်း ပိုရ ခဲ့တာပါ။
ဒုတိယဂိုးကို ရွန်နီက ၅၉ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူ ပါတယ်။
ဘုန်းမောက်အသင်းက ဂိုးတွေပေးရပေမယ့်လည်း မန်ယူကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
တတိယဂိုးကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ၆၄ မိနစ်မှာ အဝေးကစ်ကနေ အမှတ်မထင် ကန်သွင်းယူပါတယ်။
မန်ယူက ၃ ဂိုးအသာနဲ့ ဦးဆောင်ပေမယ့်လည်း ဘုန်းမောက် ကစားအား ကျမသွားဘဲ ချေပဂိုး ၁ ဂိုးကို မန်ယူနောက်ခံလူတွေ ကြားထဲကနေ ထိုးဖောက် သွင်းယူပါတယ်။
ပွဲဦးထွက်မှာ အနိုင်ရလို့ မန်ယူနည်းပြသစ် မော်ရင်ဟိုအတွက်လည်း စိတ်သက်သာရာ ရခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/163897

No comments:
Post a Comment