မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 15, 2016

ဂိုးအပြန်အလှန်သွင်းပြီး အာဆင်နယ်ကို လီဗာပူး အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် အာဆင်နယ်နဲ့ လီဗာပူးတို့ သြဂုတ် ၁၄ ရက် ညက ယှဉ်ပြိုင်ရာ လီဗာပူးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို ၃၁ မိနစ်မှာ ၀ါးလ်ကော့က သွင်းယူ ပါတယ်။

လီဗာပူးအတွက် ချေပဂိုးကို ပထမပိုင်း ပြီးခါနီးမှာ ကော်တင်ဟိုက ဖရီးကစ် ကနေ သွင်းယူပေး ခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျ ခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ် နောက်တန်းက အားထားရတဲ့ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ပွဲချိန် ၄၉ မိနစ်မှာ လီဗာပူးအတွက် ဒုတိယဂိုးကို လယ်လာနာ၊ တတိယဂိုးကို ၅၆ မိနစ်မှာ ကော်တင်ဟိုနဲ့ စတုတ္ထဂိုးကို ၆၃ မိနစ်မှာ မာနီတို့က သွင်းယူပြီး ပွဲကို ဦးဆောင် ယှဉ်ပြိုင်သွားပါတယ်။

ဒီပွဲမှာ အာဆင်နယ်နောက်တန်း အမှားအယွင်းများခဲ့ပြီး လီဗာပူးက ထိုးဖောက် ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။

အာဆင်နယ်အတွက် ၆၄ မိနစ်မှာ ချိန်ဘာလိန်နဲ့ ၇၅ မိနစ်မှာ ချန်ဘားစ်တို့က ချေပဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး နောက်ထပ် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပွဲအပြီးမှာ လီဗာပူးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားတာပါ။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ နောက်တန်းကစားသမားတွေ အတွေ့အကြုံ အားနည်းတယ်လို့ ပြောဆိုသွားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/163900

No comments:

Post a Comment