
စပိန် စူပါ ဖလား ပြိုင်ပွဲ ပထမ အကျော့မှာ ဘာစီလိုနာက ဆီဗီလာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
လာလီဂါ ချန်ပီယံ ဘာစီလိုနာ အတွက် အနိုင် ဂိုးတွေကို ဒုတိယပိုင်း ကျမှ သွင်းယူ ပါတယ်။
ပထမပိုင်းမှာ ဆီဗီလာက ဘာကာ အသင်းကို ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။
ဘာကာအတွက် ဦးဆောင်ဂိုးကို ၅၄ မိနစ်မှာ တိုက်စစ်မှူး ဆွာရက်က သွင်းယူပါတယ်။
ဒီပွဲမှာ ဘာစီလိုနာ ကစားနေကျ ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပါတယ်။
ဒုတိယဂိုးကို ၈၁ မိနစ်မှာ ဟတ်ဒါဒီက သွင်းယူပါတယ်။
စပိန်စူပါဖလား ဒုတိယအကျော့ပွဲစဉ်ကို ဘာစီလိုနာက အိမ်ကွင်းမှာ လာမယ့် သြဂုတ် ၁၇ ရက်မှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။
ဘာစီလိုနာဟာ လာမယ့် သြဂုတ် ၂၀ ရက်မှာ စပိန်လာလီဂါ ပွဲဦးထွက်အဖြစ် ရီးရဲလ်ဘီတစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/163912

No comments:
Post a Comment