
နှစ်ပွဲဆက် နိုင်ပွဲ မရဖြစ်ခဲ့ သည့် ချန်ပီယံ လက်စတာနှင့် အာ ဆင်နယ် အသင်းတို့ ပထမဆုံးနိုင် ပွဲကိုယ်စီ ရရှိခဲ့ပြီး နည်းပြ ကွန်တီ ၏ ချယ်လ်ဆီး အသင်းသည် ဘန် လေကို ဂိုးပြတ် အနိုင်ယူပြီး သုံးပွဲ ဆက် အနိုင် ရရှိခဲ့ကာ အမှတ်ပေး ဇယားကို ယာယီ ဦးဆောင်ထား လိုက်သည်။
ချန်ပီယံလက်စတာအသင်း သည် ၎င်းတို့၏ ပထမဆုံးနိုင်ပွဲ အဖြစ် ဆွမ်ဆီးကို ဗာဒီနှင့် မော် ဂန်တို့၏ သွင်းဂိုးများဖြင့် ပထမ ဆုံးနိုင်ပွဲရရှိခဲ့ပြီး အာဆင်နယ် လည်း ကာဇိုလာ၊ ဆန်းချက်ဇ်၊ အိုဇေးလ်တို့၏ သွင်းဂိုးများဖြင့် ၀က်ဖို့ဒ်ကို ၃-၁ ဂိုးဖြင့် ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။
ချယ်လ်ဆီးအတွက် အနိုင် ဂိုးများကို ဟာဇက်၊ ၀ီလီယံနှင့် မော်ဆက်တို့က သွင်းယူပေးခဲ့ပြီး သုံးပွဲဆက်နိုင်ပွဲကြောင့် မန်ယူမြို့ ခံအသင်း မကန်မီ ဇယားကိုဦး ဆောင်ထားသည်။
ထိုအတောအတွင်း အာ ဆင်နယ် နည်းပြအာစင်ဝင်းဂါး သည် အသင်းအင်အားဖြည့်တင်းရန် ကြိုးပမ်းမှုအဖြစ် လူးကပ်စ်ပီ ရက်ဇ်နှင့် မူစတာဖီတို့နှစ်ဦးလုံးကို ဆေးစစ်ဆေးမှုပြုလုပ်ထားပြီး စာ ရွက်စာတမ်းကိစ္စအပြီးသတ်ရန် သာလိုသည်ဟု အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ပြော သည်။
Goal
From : 7 day daily
Originally published at - http://www.7daydaily.com/story/73970

No comments:
Post a Comment