
အေစီမီလန်မှ (၁၇) နှစ် အရွယ် ဂိုးသမား ဂျီယန် လျူဂီဒွန် နာရမ်မာသည် အီတလီ လက် ရွေးစင် အသင်းသို့ ပထမဆုံး ခေါ် ယူ ခံရသည်။
အီတလီ နည်းပြသစ် ဗင်တူ ရာက အေစီမီလန် နောက်တန်းလူ ရိုမက်နိုလီ၊ တိုရီနိုတိုက်စစ်မှူး ဘီ လော့တီနှင့် ဂျီနိုအာ တိုက်စစ်မှူး ပါဗိုလက်တီ တို့ကိုလည်း လက် ရွေးစင် အသင်းတွင် ပထမဆုံး အကြိမ် ထည့်သွင်း ခဲ့သည်။
အီလီသည် လာမည့်ကြာသ ပတေးနေ့တွင် ပြင်သစ်နှင့် ခြေ စမ်းပွဲလက်ခံကစားမည်ဖြစ်ကာ နောက်လေးရက်အကြာ၌ အစ္စ ရေးသို့ သွားရောက်၍ ကမ္ဘာ့ ဖလားခြေစစ်ပွဲ စတင် ယှဉ်ပြိုင် မည်ဖြစ်သည်။
ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အီ တလီအသင်းကို ကွာတားဖိုင် နယ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် နည်းပြ ကွန်တီချယ်လ်ဆီးသို့ ထွက်ခွာသွားခဲ့ပြီး ဗင်တူရာဝင် ရောက်လာခဲ့သည်။
အီတလီ၏ ၀ါရင့်ဂိုးသမား ကြီး ဘူဖွန်ကို ဆက်ခံနိုင်ခြေရှိသူ ဒွန်နာရမ်မာသည် ပြီးခဲ့သည့်ရာ သီက အသက် (၁၆) နှစ်နှင့် ရှစ်လတွင် ပထမဆုံးစီးရီးအေပွဲတွင် ပါဝင် ကစားခဲ့ပြီး စီးရီးအေသမိုင်း ၌ အသက်အငယ်ဆုံးဂိုးသမား ဖြစ်လာခဲ့သည်။
ယူရို ၂၀၁၆ ပြိုင်ပွဲဝင် လက် ရွေးစင်အသင်းမှ ကစားသမား ၁၅ ဦးသည် လက်ရွေးစင်အသင်းတွင် ဆက်လက်ပါဝင်နေသည်။
—Ref:AP
From : 7 day daily
Originally published at - http://www.7daydaily.com/story/73954

No comments:
Post a Comment