မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 7, 2016

အိုလံပစ်ပြိုင်ပွဲတွင် ထိုင်းနှင့်ဗီယက်နမ် ရွှေတံဆိပ် ၁ ခုစီ ရပြီ


ဆိုပီတာ တာနာဆန်


ဘရာဇီး နိုင်ငံမှာ ယှဉ်ပြိုင် နေတဲ့ ရီယို ၂၀၁၆ အိုလံပစ် ပြိုင်ပွဲမှာ အာဆီယံ နိုင်ငံတွေ ထဲက ထိုင်းက အလေးမ ပြိုင်ပွဲကနေ ရွှေ့တံဆိပ် ရရှိ သွားပါတယ်။

အမျိုးသမီး ၄၈ ကီလိုတန်း ပြိုင်ပွဲမှာ ဆိုပီတာ တာနာဆန်က ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားတာပါ။

အသက် ၂၁ နှစ်အ ရွယ် အလေးမ ချန်ပီယံ ဆိုပီတာ တာနာဆန်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ထိုင်းအမျိုးသမီး အားကစား သမားတွေထဲကနေ ၄ ကြိမ်မြောက် အဖြစ် ရွှေတံဆိပ် ဆုကို ရယူနိုင် တာပါ။

ဗီယမ်နက်နိုင်ငံကတော့ အမျိုးသား ၁၀ မီတာ ပစ္စတိုပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့ပါတယ်။ သြဂုတ် ၆ ရက်နေ့က ယှဉ်ပြိုင်တဲ့ အားကစားပြိုင်ပွဲတွေက ရွှေတံဆိပ် ၁၂ ခု ပေးအပ် ရာမှာ ထိုင်းနဲ့ ဗီယက်နမ် တို့က ရွှေ ၁ ခုစီ ရခဲ့တာ ဖြစ်ပါတယ်။

အိုလံပစ် ဒုတိယနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာတော့ ရွှေတံဆိပ်ပေါင်း ၁၄ ခု ပေးအပ် သွားမှာပါ။

by DVB

Originally published at - http://burmese.dvb.no/archives/162579

No comments:

Post a Comment