![]() |
မန်ယူ အသင်းက ပစ်မှတ် ထားနေတဲ့ ကွင်းလယ် သမား ပေါ့ဘာဟာ တနင်္လာ aန့မှာ ဂျုဗင်တပ် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းဆီကို ပြန်လာ aတာ့မယ်လို့ နည်းပြ အယ်လီဂရီက ပြောပါတယ်။
ပြင်သစ် ကွင်းလယ် သမားဟာ ယူရိုပြိုင်ပွဲ ကစားထား ရလို့ အားလပ်ရက် ခရီးထွက် အပြီးမှာ အသင်းကို ပြန်လည် ရောက်ရှိလာ တော့မှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ် အရွယ် ပေါဘာကို မန်ယူက ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးပြီ ခေါ်ယူဖို့ လုပ်နေတာပါ။
မန်ယူနည်းပြ မော်ရင်ဟိုကတော့ အပြောင်း အရွှေ့က နီးစပ်နေပြီလို့ ပြောထား ပါတယ်။ ဒါပေမယ့်လည်း ဂျုဗီ နည်းပြ အယ်လီဂရီကတော့ ပေါ့ဘာဟာ လက်ရှိမှာတော့ ဂျုဗင်တပ် ကစားသမား တယောက် ဖြစ်နေသေးတယ်လို့ ဆိုထားပါတယ်။
မန်ယူကစားသမားဟောင်း ဖြစ်တဲ့ ပေါ့ဘာဟာ အသက် ၁၉ နှစ်အရွယ် ၂၀၁၂ မှာ ပေါင် ၈ သိန်းလောက်နဲ့ အီတလီကလပ် ဂျုဗင်တပ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/162551






No comments:
Post a Comment