မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 7, 2016

ချန်ပီယံများဖလား လီဗာပူးက ဘာစီလိုနာကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)




အင်္ဂလန် နိုင်ငံမှာ ၀မ်ဘလေ ကွင်းမှာ သြဂုတ် ၅ ရက်ေန့ညက ယှဉ်ပြိုင် သွားတဲ့ နိုင်ငံတကာ ချန်ပီယံများ ဖလား ဘောလုံးပြိုင်ပွဲ ခြေစမ်းပွဲမှာ လီဗာပူးက နာမည်ကြီး ဘာစီလိုနာကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲမှာ လီဗာပူးက အသစ် ခေါ်ယူထားတဲ့ တိုက်စစ်မှူး မာနီ အသင်းအတွက် ပထမဆုံး ဂိုးကို သွင်းယူနိုင် ခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ နာမည်ကြီး တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်တို့ ပါဝင် ကစား သွားပါတယ်။

လီဗာပူး အတွက် ဂိုးတွေကို စဒီယိုမိန်း (၁၅ မိနစ်)၊ အိုရီဂီ (၄၈ မိနစ်)၊ မာကိုက (မိနစ် ၉၀) သွင်းဂိုးတွေအပါဝင် ၄၇ မိနစ်မှာ လီဗာပူး အတွက် ဒုတိယဂိုးကို တဖက် နောက် တန်း သမား မာရှေယာနို ကိုယ့်ဂိုးကို သွင်းမိရာ ကနေ ရသွား တာပါ။

ဒီပွဲမှာ ဘာကာက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် ၁၃ ကြိမ်ရပေမယ့် အသုံး မချနိုင်ခဲ့ပါဘူး။

လီဗာပူးကတော့ ကန်သွင်းခွင့် ၇ ကြိမ်မှာ ၃ ဂိုး ရခဲ့ပါတယ်။ ဒီပွဲကို ပရိသတ်ပေါင်း ၉ သောင်းနီးပါး လာရောက် အားပေးလို့ ၀မ်ဘလေကွင်းမှာ ကစားတဲ့ ပွဲစဉ်တွေထဲမှာ ပရိတ်သတ် ဒုတိယအများဆုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/162512

No comments:

Post a Comment