Saturday, August 6, 2016
မန်ယူကစားသမားဘ၀ကို ဆုဖလားဖြင့် စတင်မည်ဟု အီဘရာဟီမိုဗစ် ပြောကြား
လန်ဒန်− လန်ဒန်မြို့ဝင် ဘလေကွင်း၌ လက်စတာ အသင်းနှင့် ယနေ့ စတင် ကစားမည့် ကွန်မြူနတီ ဒိုင်းပွဲတွင် မန်ယူနှင့် အတူ ဖလား ရယူ၍ မန်ယူ ကစားသမားဘ၀ စတင် မည်ဟု အီဘရာဟီ မိုဗစ်က ဟောကိန်း ထုတ်သည်။
‘‘ကျွန်တော်ဟာ ဆုဖလားတွေ ရနေကျပါ။ အချိန်ဖြုန်းဖို့ ဒီကို လာတာ မဟုတ်ပါဘူး’’ ဟု ကစားသမား ဘ၀ တစ်လျှောက် ဆုဖလား များစွာ ရယူခဲ့ပြီး ဇူလိုင် အတွင်း ပီအက်စ်ဂျီမှ မန်ယူသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့ သော အီဘရာဟီ မိုဗစ်က ပြောသည်။
‘‘ဒါဟာ ကျွန်တော်တို့ ပထမဆုံး ယူဆောင်လာမယ့်ဖလားပါပဲ’’ ဟု မိုဗစ်က မန်ယူရုပ်သံအား ပြောသည်။ ထိုအတောအတွင်း ပရီးမီး ယားလိဂ် ချန်ပီယံ လက်စတာ အသင်း၏ မန်နေဂျာ ရာနီရေရီက မိမိတို့အသင်းသည် မန်ယူနှင့် ကွန်မြူနတီဒိုင်းပွဲကို ချစ်ကြည်ရေးပွဲကဲ့သို့ သဘောထားမည် မဟုတ်ဟု ဆိုသည်။
မိမိအနေဖြင့် လက်စတာက ပရီးမီးယားလိဂ်ဖလား ရခဲ့သည်ဆိုခြင်းကို မေ့ဖျောက်ထားလိုက်ပြီဟု ပြောသည်။
ထို့အပြင် လက်စတာ အ သင်းကို ယမန်နှစ်က ချယ်လ်ဆီး ကဲ့သို့ အဖြစ်ခံမည် မဟုတ်ဟု ပြောသည်။ ၂၀၁၄-၁၅ ရာသီကချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ချန်ပီယံဖလား ရယူပြီးနောက် ကစားပုံနှင့် စည်းလုံးမှုပြိုကွဲသွား ကာ ရာသီသစ်တွင် ၃၈ ပွဲ၌ ၁၂ ပွဲသာ အနိုင်ရရှိပြီး နည်းပြမော်ရင်ဟိုလည်း ထုတ်ပယ်ခံရကာ ရာသီကုန်ချိန်၌ နံပါတ် (၁၀) နေရာသာ ရရှိခဲ့သည်။
‘‘ကျွန်တော်တစ်ခုခုကို တည်ဆောက်လိုက်ရင် ဘယ်တော့မှမဖျက်ဆီးပစ်ဘူး’’ဟု ရာနီရေရီက ကွန်မြူနတီဒိုင်းပွဲမတိုင်မီသတင်းထောက်များအား ပြောသည်။
—Ref:Goal
7day daily
Originally published at - http://www.7daydaily.com/story/72201
Subscribe to:
Post Comments (Atom)
No comments:
Post a Comment