မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, August 6, 2016

အိုလံပစ် ဘောလုံးပွဲစဉ်များတွင် တောင်ကိုရီးယားက ဖီဂျီကို ဂိုးပြတ်နိုင် မက္ကဆီကိုနှင့် ဂျာမနီ သရေကျ




ရီယိုဒီဂျနေးရိုး − အိုလံပစ် ပြိုင်ပွဲ အမျိုးသားယူ - ၂၃ ဘောလုံး ပွဲစဉ် များတွင် အဖွင့်ပွဲ၌ အိမ်ရှင် ဘရာဇီးက ၁၀ ဦးကျန် တောင် အာဖရိကကို ဂိုးမရှိ သရေကျ ခဲ့ပြီးနောက် အုပ်စု (c) တွင် တောင် ကိုရီးယားက ဖီဂျီကို ရှစ်ဂိုးပြတ်ဖြင့် အနိုင် ရရှိခဲ့ကာ မက္ကဆီကိုနှင့် ဂျာမနီတို့ နှစ်ဂိုးစီ သရေကျ ခဲ့သည်။

အုပ်စု (B) ပွဲစဉ် များတွင် ဘောလုံးပွဲ မစတင်မှီ နာရီပိုင်း အလိုမှ ဘရာဇီးသို့ ရောက်ရှိ လာသော နိုင်ဂျီးရီးယားက ဂျပန်ကို ၅-၄ ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။

ဆွီဒင်နှင့် ကိုလံဘီယာတို့ ပွဲ၌ နှစ်ဂိုးစီ သရေကျ ခဲ့သည်။

အုပ်စု (D) ပွဲစဉ် များတွင် ဟွန်ဒူးရပ်စ်က အယ်လ်ဂျီးရီးယားကို ၃-၂ ဂိုးဖြင့် ကပ်နိုင် ခဲ့ပြီး ပေါ်တူဂီက အာဂျင်တီးနားကို နှစ်ဂိုးပြတ်ဖြင့် အနိုင် ရရှိ ခဲ့သည်။

ပေါ်တူဂီအတွက် အနိုင်ဂိုးများကို ပါစီယန်စီယာနှင့် ပီတီတို့က ၆၆ မိနစ်နှင့် ၈၄ မိနစ်တွင် သွင်းယူ ခဲ့သည်။

အုပ်စု ဒုတိယပွဲစဉ်များကို သြဂုတ် ၈ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

—Ref:Goal

7day daily

Originally published at - http://www.7daydaily.com/story/72200

No comments:

Post a Comment