Saturday, August 6, 2016
အားကစား သတင်းတိုများ
ပရီးမီးယားလိဂ်မှ ဆွမ်ဆီး စီးတီး အသင်းက ဆီဗီလာ အသင်းမှ စပိန် တိုက်စစ်မှူး ဖာနန်ဒို aလ်ာရန်တီ (၃၁) နှစ်ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူ ခဲ့သည်။ ပြောင်းရွှေ့ကြေး ကိုမူ ဆွမ်ဆီးက မကြေညာပေ။
အင်္ဂလန် လက်ရွေးစင် လီဗာပူး ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ (၃၀) နှစ်သည် လက်ရွေးစင် အသင်းမှ အနား ယူတော့မည်ဟု အင်္ဂလန်ဘော လုံး အဖွဲ့ချုပ်က ကြေညာသည်။ မိသားစုကို အချိန်ပိုပေးရန် မီလ်နာ အနားယူ သွားသည်ဟု နည်းပြ ဆမ်အလာဒိုက်စ်က ပြောသည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်မစတင်မီ ယခုနွေရာ သီတွင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန် ကြိုးစားနေပြီး မှန်ကန်သော ကစားသမားဖြစ် ပါက ဈေးနှုန်းသည် ပြဿနာမဟုတ်ဟု နည်းပြ အာ စင်ဝင်းဂါးက ပြောသည်။
အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲစတင်သောနေ့မှာပင် ဖူလ်ဟမ်အသင်း ကို ရှုံးနိမ့်ခဲ့ခြင်းမှာ ဆန္ဒစောနေသော ကစားသမားများကို လှုပ်နှိုး လိုက်ခြင်းဖြစ်သည်ဟု နယူးကာဆယ် မန်နေဂျာ ဘင်နီတက်ဇ်က ပြောသည်။ နယူးကာဆယ်က ဖူလ်ဟမ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သည်။
အမေရိကန်ဆယ်ကျော်သက် ဗာဂျီးနီးယားသရက်ရှာသည် ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ၏ ပထမဆုံးရွှေတံဆိပ်ဆုဆွတ်ခူးသွားသည်။ ၎င်းသည် ၁၀ မီတာ ရိုင်ဖယ်သေနတ်ပစ် ပြိုင်ပွဲတွင် အိုလံပစ်စံချိန် ရမှတ် ၂၀၈ မှတ်ဖြင့် တရုတ်နိုင်ငံမှ ဒူလင်းကို ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆုရယူခဲ့သည်။
7day daily
Originally published at - http://www.7daydaily.com/story/72191
Labels:
အားကစားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment