
ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေ ကစားမယ့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်း ထုတ်ပြန် ခဲ့ရာမှာ ၀က်စ်ဟမ်း တောင်ပံ တိုက်စစ်မှူး အန်တိုနီယို ပထမဆုံး အကြိမ် ရွေးချယ်ခံ ခဲ့ရပါတယ်။
အသက် ၂၆ နှစ်ရှိ ဂျာမေကာနွယ်ဖွား အန်တီုနီယိုဟာ ပြီးခဲ့တဲ့ မတ်လက ဂျာမေကာလက်ရွေးစင်အသင်းက ရွေးချယ်ခဲ့ပေမယ့် အင်္ဂလန်အသင်းမှာ ကစားလို တာကြောင့် ငြင်းဆန် ခဲ့ပြီး လက်ရှိ အချိန်မှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းမှာ ကစားချင်တဲ့ ရည်မှန်းချက်ဟာ ငယ်စဉ်ကတည်းရှိခဲ့ပြီး အခုလိုရွေးချယ်ခံခဲ့ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ အန်တိုနီယိုက ဆိုပါတယ်။
အင်္ဂလန်နည်းပြ သစ်ဆမ်အလာဒိုက်စ်ရဲ့ ပထမဦးဆုံး အင်္ဂလန်အသင်းလူစာရင်းမှာ အာဆင်နယ်က ဂျက်ဝဲလ်ရှိုင်းယား၊ ချိန်ဘာလိန်နဲ့အဲဗာတန်က ဘာကလေတို့ ချန်လှပ်ခံခဲ့ရပါ တယ်။
ဒါပေမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ မပါဝင်ခဲ့တဲ့ လက်စတာက ဒရင့်ဝါးတား၊ အာဆင်နယ်က သီအိုဝဲလ်ကော့၊ အဲဗာတန်က ဂျာဂယ်လ်ကာ၊ မန်ယူက လုခ်ရှောတို့လို ကစားသမားတွေကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာ ၄ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်ပွဲစဉ် အဖြစ် ဆလိုဗက်ကီးယား အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/166146

No comments:
Post a Comment