
နည်းပြသစ် မော်ရင်ဟို လက်ထက်မှာ မန်ယူ အသင်းရဲ့ နဂို ပုံစံကို ပြန်မြင်တွေ့ ရလိမ့်မယ်လို့ တိုက်စစ်မှူး ရွန်နီက ခန့်မှန်း ပြောဆို လိုက်ပါတယ်။
ကစားသမားတွေ အားလုံးက မန်ယူရဲ့ အရ င်ပုံစံမျိုးကို ပြန်ရ လိမ့်မယ်လို့ ခံစားနေ ရကြောင်း အသက် ၃၀ အရွယ် တိုက်စစ်မှူးက ပြောပါတယ်။
နည်းပြ မော်ရင်ဟို လက်ထက်မှာ နာမည်ကြီး ကစားသမား တွေဖြစ်တဲ့ တိုက်စစ်မှူး အီဗရာဟီ မိုဗစ်နဲ့ ကွင်းလယ်ကစားသမား အမ်ခီတာရန်းတို့ကို ၀ယ်ယူ ထားပါတယ်။
ဒါ့အပြင် ဂျူဗင်တပ် ကွင်းလယ်ကစားသမား ပေါ့ဘာကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
တိုက်စစ်မှူး ရွန်နီဟာ နည်းပြသစ်လက်ထက် ခြေစမ်းပွဲတွေမှာ နောက်ချန်တိုက်စစ်မှူး နေရာကနေ ကစားနေရပါတယ်။
သူဟာ အင်္ဂလန်အတွက် ၁၁၅ ပွဲ ကစားပြီး ဂိုးပေါင်း ၅၃ ဂိုး သွင်းပေးထားပါတယ်။
by ဒီဗွီဘီ
ဓာတ်ပုံ - ရိုက်တာ
Originally published at - http://burmese.dvb.no/archives/161761





No comments:
Post a Comment