Ganryujima လို့ ခေါ်တဲ့ MMA လို ကိုယ်ခံပညာ ပေါင်းစုံနဲ့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမှာ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းနဲ့ ကင်ညာ နိုင်ငံသား Daryl Rokuku တို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် Ariake Colosseum ကစားကွင်းမှာ ဇူလိုင်လ ၃၁ ရက် မွန်းလွဲပိုင်းက ယှဉ်ပြိုင် ထိုးသတ် ခဲ့ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက ပြိုင်ပွဲစည်းကမ်းအရ ကွန်ဂိုနိုင်ငံသားကို အရှုံးပေးခဲ့ရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့မှာ လဲကျရင် ထိုးခွင့် မရှိဘူး၊ အဲဒီ အားနည်းချက်ကို ယှဉ်ပြိုင်ဘက်က အသုံးချ သွားတာပါလို့ လက်ဝှေ့ပွဲကို လေ့လာသူ အဖြစ် လိုက်ပါခဲ့သူ စာရေးဆရာ ဦးသန်းဝင်းလှိုင်က ပြောပါတယ်။
7Day News Journal
Originally published at - https://www.facebook.com/7daynews
No comments:
Post a Comment