
ယူ ၁၉ လေးနိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲမှာ မြန်မာ ယူ ၁၉ အသင်းဟာ အဖွင့် ပွဲစဉ် အဖြစ် သြဂုတ် ၂၂ ရက်မှာ ဂျပန် ကလပ် ဆက်ပိုရို ယူ ၁၈ အသင်းနဲ့ စတင် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
မန္တလေး မြို့ရှိ မန္တလာ သီရိကွင်းမှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ် ဖလားပြိုင်ပွဲကို လာမယ့် သြဂုတ် ၂၂ ရက်ကနေ ၂၈ ရက် အထိ ကျင်းပ သွားမှာပါ။
မြန်မာ ယူ ၁၉ အသင်းဟာ သြဂုတ် ၂၄ မှာ ဗီယက်နမ်၊ သြဂုတ် ၂၆ မှာ ထိုင်းအသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အုပ်စုပတ်လည် ကစား အပြီးမှာ ထိပ်ဆုံး နှစ်သင်းက ဗိုလ်လုပွဲ၊ အုပ်စုအောက်ဆုံး နှစ်သင်းက တတိယ လုပွဲ ကစားကြရမှာဖြစ်ပြီး သြဂုတ် ၂၈ ရက်မှာ ယှဉ်ပြိုင် ကြရမှာပါ။
ချန်ပ်ီယံဖြစ်တဲ့ အသင်းကို အမေရိကန် ဒေါ်လာ ၁ သောင်းခွဲ၊ ဒုတိယရ အသင်း အသင်းကို ဒေါ်လာ ၁ သောင်းနဲ့ တတိယ ရတဲ့ အသင်းကို ဒေါ်လာ ၅ ထောင် ချီးမြှင့်မှာ ဖြစ်ပါတယ်။
မြန်မာ ယူ ၁၉ အသင်းဟာ လာမယ့် စက်တင်ဘာလ အတွင်း ဗီယက်နမ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ယူ ၁၉ ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ယှဉ်ပြိုင် ကစားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/163031

No comments:
Post a Comment