
မန်ယူ အသင်းက ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ခေါ်ယူ ထားတဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာကို မိတ်ဆက် ပေးလိုက် ပါတယ်။
ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ၅ နှစ် စာချုပ်နဲ့ ဂျူဗင်တပ် အသင်း ကနေ ခေါ်ယူ ထားတာပါ။
အသက် ၂၃ နှစ် အရွယ် ပေါ့ဘာရဲ့ ပြောင်းရွှေ့ကြေးဟာ ရီးရဲလ်က ဂါရတ်ဘေးလ်ကို ခေါ်တုန်းက ပေးရတဲ့ ပေါင် ၈၅ သန်းကို ကျော်လွန်ပြီး စံချိန်တင် ခဲ့တာပါ။
ပေါ့ဘာဟာ မန်ယူ ကစားသမား ဟောင်းဖြစ်ပြီး ၂၀၁၂ မှာ ပေါင် ၁ သန်းခွဲနဲ့ ဂျူဗင်တပ်ကို ရောက်ရှိ ခဲ့တာပါ။
မန်ယူကို ပြန်ရောက် လာတဲ့ အပေါ် ကွင်းလယ် ကစားသမားက “အရိုးသားဆုံးပြောရရင် ပြောစရာ စကားလုံးတောင် မရှိပါဘူး။ အိမ်ကို ပြန်ရောက် သလိုမျိုး ခံစား ရပါတယ်။ ဒီမှာရှိတဲ့ ရင်းနှီးပြီးသား လူတွေကို ပြန်တွေ့ ရလို့ ပျော်ပါတယ်” လို့ ပြောပါတယ်။
သူဟာ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ ဒီနှစ် နွေရာသီထဲမှာ ၄ ယောက်မြောက် ခေါ်ယူခြင်း ခံရတဲ့ ကစား သမားလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162996

No comments:
Post a Comment