
ဘရာဇီး နိုင်ငံမှာ ယှဉ်ပြိုင် နေတဲ့ ရီယို ၂၀၁၆ အိုလံပစ် ပြိုင်ပွဲ အမျိုးသမီး တဦးချင်း တင်းနစ် ပြိုင်ပွဲ တတိယ အဆင့်မှာ နာမည်ကြီး စရီနာ ၀ီလျံစ် ရှုံးသွား ပါတယ်။
ကမ္ဘာ့ နံပါတ် ၁ လည်းဖြစ်၊ လက်ရှိ အိုလံပစ် ချန်ပီယံ လည်းဖြစ်တဲ့ စရီနာဟာ အဆင့် ၂၀ ဖြစ်တဲ့ ယူကရိန်းသူ အယ်လီနာ ဗစ်တိုလီနာကို မထင်မှတ်ဘဲ ၂ ပွဲပြတ်နဲ့ ရှုံးနိမ့် သွားတာပါ။
အမေရိကန်သူ စရီနာဟာ ဂရန်းစလန်း ဆုဖလားပေါင်း ၂၂ ခု ရထား ပေမယ့်လည်း ဒီပွဲမှာ အမှား အယွင်းများခဲ့လို့ ၆ – ၄၊ ၆ – ၃ နဲ့ ယူကရိန်းသူကို အရှုံးပေး လိုက်ရတာပါ။
အမျိုးသမီး နှစ်ယောက် တွဲမှာလည်း ၀ီလျံစ်တို့ ညီအမ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက် ပြိုင်ပွဲမှာ ရှုံးပြီး စောစော စီးစီး ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162960

No comments:
Post a Comment