
ဂျူဗင်တပ် အသင်းမှ အီ တလီ တိုက်စစ်မှူး ဆိုင်မွန် ဇာဇာ ကို ၀က်စ်ဟမ်းက ပေါင် ၄ ဒသမ၃ သန်းတန် တစ်ရာသီ အငှားစာ ချုပ်ဖြင့် ခေါ်ယူ လိုက်သည်။
ပရီးမီးယား လိဂ်တွင် ယင်း ကစား သမား ပါဝင်သော ပွဲအရေ အတွက်ပေါ် မူတည်၍ ယခု သဘော တူညီချက်တွင် ပေါင်နှစ် သန်းခွဲ ထပ်ပေါင်း ပေးနိုင်ပြီး ပေါင်၁၇ သန်းဖြင့် အပြီး အပြတ်ခေါ်ယူ နိုင်ရန်လည်း စာချုပ်တွင် လက် မှတ်ထိုး ထားသည်။
ဝက်စ်ဟမ်းသည် ဇာဇာကို ယခုနှစ် ၁၁ ဦးမြောက် ခေါ်ယူခြင်းဖြစ်ပြီး ပေါင်သန်း ၆၀ ခန့် သုံးစွဲထားပြီးဖြစ်သည်။
ဇာဇာ (၂၅) နှစ်သည် ဂျူ ဗင်တပ်သို့ ၂၀၁၅ ဇူလိုင်က ရောက်ရှိခဲ့ပြီး ၂၄ ပွဲကစားခဲ့ကာ ရှစ်ဂိုးသွင်းယူခဲ့သည်။
‘‘ဒါဟာ အရမ်းလှတဲ့ အား ကစားကွင်းပါ။ ပရိသတ်တွေရဲ့ နွေးထွေးမှုကိုလည်း ကျွန်တော် ခံစားရပါတယ်။ ဒီအကြောင်း ကြောင့်လည်း ကျွန်တော်ဒီအ သင်းကို ပြောင်းလာ ချင်ခဲ့တာပါ’’ ဟု ၀က်စ်ဟမ်း အသင်း၏ အား ကစား ကွင်းသစ်ကြီးကို ချီးကျူး ရင်း ဇာဇာက ပြောကြားသည်။
ဇာဇာသည် ယူရို ၂၀၁၆ ကွာတား ဖိုင်နယ်ရောက် အီတလီအသင်း တွင် ပါဝင်ခဲ့သူဖြစ်သည်။
—Ref:BBC
From : 7 day daily
Originally published at - http://www.7daydaily.com/story/74045

No comments:
Post a Comment