
အီတလီနိုင်ငံ အလယ်ပိုင်း ငလျင်တွင် သေဆုံး ခဲ့သူများအား ရည်စူးသော ပွဲတွင် ဂျူဗင်တပ်က လာဇီယိုကို ၁-၀ ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။
ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့ သော ငလျင်တွင် သေဆုံးခဲ့သူ ၃၀၀ နီးပါး အတွက် ၀မ်းနည်း ကြောင်း စာတန်း များကို ပရိသတ် များက ကိုင်မြှောက် ထားခဲ့ကြပြီး ပွဲမစမှီ တစ်မိနစ်တာ ငြိမ်သက်ခဲ့ ကြသည်။
လာဇီယို ပရိသတ် များက လည်း ‘‘ငါတို့ မင်းတို့နဲ့ အတူရှိနေ တယ်’’ စာတန်းပါ အင်္ကျီများနှင့် ငလျင်ဒဏ် အဆိုးဆုံး ခံစားခဲ့ရ သော အာမာထရစ်မြို့မှ ရပ်တန့် သွားသည့် နာရီစင်ပုံပါ အင်္ကျီများ ၀တ်ဆင်၍ ၀မ်းနည်းကြောင်း ပြ သခဲ့ကြသည်။
ငလျင်ဒေသနှင့် နီးသော လာဇီယိုတွင် ကစားသည့် ပွဲ၌ ဂျူဗင်တပ်မှ ခီဒီယာက ပေါ်လို ဒိုင်ဘာလာပေးပို့သော ဘောလုံး ကို ၀ိုက်ကန်၍ အနိုင်ဂိုးသွင်းယူခဲ့ သည်။
ခီဒီယာသည် ရာသီ၏ ပထမဆုံးပွဲတွင် ဖီအိုရင်တီးနား အား ၂-၁ ဂိုးဖြင့် အနိုင်ရသောပွဲ တွင်လည်း ဂိုးသွင်းယူနိုင်ခဲ့သည်။
အခြားစီးရီးအေပွဲစဉ်တွင် နာပိုလီက ၎င်းတို့၏အိမ်ကွင်း၌ အေစီမီလန်အား ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲတွင် ပိုလန်တိုက်စစ်မှူး မီလစ်က ပထ မပိုင်းတွင် နာပိုလီ၏ ဦးဆောင်ဂိုး နှစ်ဂိုးကို သွင်းယူခဲ့ပြီး ဒုတိယပိုင်း တွင် အမ်ဘာရီနှင့် ဆူဆိုတို့က အေစီမီလန်အတွက် ချေပဂိုးများ ရယူခဲ့သည်။
သို့သော် နာပိုလီမှ ကယ်လီဂျွန်က ၇၄ မိနစ်နှင့် အ ချိန်ပိုတွင် နှစ်ဂိုးထပ်မံသွင်းယူခဲ့ သည်။ ယင်းပွဲတွင် အေစီမီလန်မှ ကွတ်ကာနှင့် အမ်ဘာရီတို့ အနီ ကတ်ပြခံခဲ့ရသဖြင့် ပွဲပြီးချိန်၌ ကိုးဦးသာ ကျန်ရှိတော့သည်။
—Ref:AP
From : 7 day daily
Originally published at - http://www.7daydaily.com/story/74046

No comments:
Post a Comment