
အင်္ဂလန် လူငယ် တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်၏ နောက်ဆုံး မိနစ်ဂိုးဖြင့် မန်ယူက ဟူးလ် စီးတီး ကို အနိုင်ရ ခဲ့သော်လည်း ၎င်း အတွက် ပွဲထွက် ကစားခွင့် အာမခံချက် မရှိဟု မန်ယူ နည်းပြ မော်ရင် ဟိုက ပြောကြားသည်။
ရက်ခ်ျဖို့ဒ် (၁၈) နှစ်သည် ယခုရာသီ မန်ယူ အသင်း၏ ရာနှုန်းပြည့်နိုင်ပွဲ စံချိန်ကို ထိန်းသိမ်းကာ နာကျင် အချိန်ပိုတွင် ၀ိန်းရွန်းနီ၏ ပေးပို့မှုမှ တစ်ဆင့် မန်ယူ အတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို သွင်းယူ ခဲ့သည်။
သို့သော် ၎င်းသည် နည်းပြ ဆမ်အလာဒိုက်စ်၏ အင်္ဂလန် လက်ရွေးစင် အသင်းမှ ချန်လှပ် ခံခဲ့ရပြီး ယူ-၂၁ အသင်းအတွက် သာ ရွေးချယ် ခံခဲ့ရသည်။
ရက်ခ်ျဖို့ဒ်သည် နည်းပြ ဟောင်း လူးဝစ်ဗန်ဂါးလ်လက် ထက်ကတည်းက ခြေစွမ်းနိုင်ခဲ့ပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် လက် စတာဘက်သို့လည်း အနိုင်ဂိုး သွင်းယူခဲ့သည်။
သို့သော်မော်ရင်ဟိုက ‘‘ရက်ခ်ျဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ကောင်းခဲ့တာ ကျွန်တော်သိပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နံပါတ်တစ်တိုက်စစ်မှူး အီဗရာ ဟီမိုဗစ်ဟာ သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ သူ ဟာ ဂိုးသွင်းရုံသာ မဟုတ်ဘဲ တခြား ကစားသမားတွေနဲ့ တွဲဖက် ပြီး နေရာလွတ်တွေ ဖန်တီးနိုင် ပါတယ်’’ ဟု ပြောကြားသည်။
‘‘ရက်ခ်ျဖို့ဒ်ဟာ ကစားနိုင် မယ်။ ဒါမှမဟုတ်ရင် အရန်ခုံမှာ ထိုင်ရနိုင်ပါတယ်။ ဒီရာသီမှာသူပွဲတွေ အများကြီးကစားရပါ လိမ့်မယ်’’ဟု မော်ရင်ဟိုက ထပ် လောင်းပြောကြားသည်။
—Ref:Daily Mail
From : 7 day daily
Originally published at - http://www.7daydaily.com/story/74056

No comments:
Post a Comment