
အင်တာမီလန် အသင်းက ပေါ်တူဂီ ကစားသမား ဂျိုအာ မာရီယိုကို ပေါင် ၃၈ သန်းကျော် ပေးပြီး ခေါ်ယူ လိုက်ပါတယ်။
အခု ပြောင်းရွှေ့ ကြေးဟာ ပေါ်တူဂီ ကလပ်တွေ ထဲမှာ အမြင့်မားဆုံး ပြောင်းရွှေ့ကြေး အဖြစ် မှတ်တမ်း ၀င်သွား ပါတယ်။
အင်တာက အသက် ၂၃ နှစ် အရွယ် ကွင်းလယ် သမား မာရီယိုကို စပို့တင်း လစ္စဘွန်း အသင်းကနေ ခေါ်ယူ လိုက်တာပါ။
ကွင်းလယ် သမားဟာ ပြီးခဲ့တဲ့ ရာသီက စပို့တင်း အသင်း အတွက် ၃၃ ပွဲ ကစား ရာမှာ ၆ ဂိုး သွင်းယူပေး ထားပါတယ်။
သူဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီထားပါတယ်။
အင်တာမီလန်အသင်း ဥက္ကဋ္ဌကတော့ မာရီယိုကို ခေါ်နိုင်လို့ အသင်းကို ပိုပြီး တောင့်တင်းလာစေလိမ့်မယ်လို့ ပြောပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/166058

No comments:
Post a Comment