
သြဂုတ် ၂၈ ရက်နေ့ ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးက ၀က်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
စီးတီးက အိမ်ကွင်းမှာ ပထမပိုင်း ၇ မိနစ်နဲ့ မိနစ် ၉၀ မှာ စတာလင်က ၂ ဂိုးနဲ့ ၁၈ မိနစ်မှာ ဖာနန်ဒင်ဟို တို့က သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ၀က်စ်ဟမ်း အတွက် ချေပဂိုးကို ၅၈ မိနစ်မှာ အန်တိုနီယိုက သွင်းယူ ပါတယ်။
ဒီပွဲမှာ စီးတီးက တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ၂၂ ကြိမ်အထိ ရခဲ့ပါတယ်။ စီးတီး ကွင်းလယ်သမား ဆေးဗားက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
မန်စီးတီးဟာ ၃ ပွဲကစား ၃ ပွဲစလုံးနိုင်ပြီး ၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
တခြားပွဲစဉ်တခုမှာတော့ ၀က်စ်ဘရောင်းအသင်းနဲ့ တန်းတက် မစ်ဒယ်ဘရော့အသင်းတို့ ဂိုးမရှိ သရေကျသွားပါတယ်။ ဒီပွဲသရေကျလို့ မစ်ဒယ်ဘရော့ကတော့ ကစားပြီးတဲ့ ၃ ပွဲစလုံးမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို တင်လိုက်နိုင်ပါတယ်။
ဒီပွဲမှာ မစ်ဒယ်ဘရော့က ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ၀က်စ်ဘရောင်းက ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။
လောလောဆယ် မစ်ဒယ်ဘရော့က ၅ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး ၀က်စ်ဘရောင်း ၄ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/166035

No comments:
Post a Comment