
တော့တင်ဟမ် အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စက်တင်ဘာ ၁၈ ရက်က ဆန်းဒါးလန်းကို အနိုင်ရတဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရသွား ပါတယ်။
ဆန်းဒါးလန်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲမှာ တိုက်စစ်မှူး ကိန်းက အနိုင်ဂိုးကို သွင်းယူ ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကိန်းဟာ အဲဒီပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
စပါးနည်းပြ ပိုချက်တီနိုကတော့ ကိန်းရဲ့ဒဏ်ရာအခြေအနေကို သိအောင် လုပ်ရဦးမယ်လို့ ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ကိန်းဟာ ဆန်းဒါးလန်းကို အနိုင်ရတဲ့ပွဲမှာ ဒီနှစ်ရာသီအစအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
စပါးအသင်းဟာ လောလောဆယ် ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/168857





No comments:
Post a Comment