
မန်စီးတီး ကွင်းလယ်လူ ယာယာ တိုရေးဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ မရောက်ခင် ဥရောပ ကလပ်အသင်း တသင်းနဲ့ အကြို စာချုပ် ချုပ်ထားဖို့ ပြင်ဆင် နေပါတယ်။
ယာယာတိုရေးဟာ နည်းပြ ဂွာဒီယိုလာ ရွေးချယ်တဲ့ ချန်ပီယံလိဂ် လူစာရင်း ကနေ ချန်လှပ် ခံခဲ့ရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ သေချာ သလောက် ဖြစ်နေတယ်လို့ သိရပါတယ်။
ယာယာတိုရေးကို ခေါ်ယူဖို့အတွက် တရုတ်နဲ့ အမေရိကန်ကလပ်တွေ အပါအ၀င် ဥရောပက ကလပ်တွေလည်း ကမ်းလှမ်းထားတယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဆီလက်ခ်က ဆိုပါတယ်။
အသက် ၃၄ နှစ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ယာယာတိုရေးကို ချန်ပီယံလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့လို့ အာဖရိကရှိ ဘောလုံးပရိသတ်တွေဟာ မန်စီးတီးအသင်းကို အားမပေးတော့ဘဲ မန်ယူအသင်းကို ပြောင်းလဲအားပေးနေတယ်လို့လည်း ယာယာတိုရေးရဲ့ အေးရဂျင့် ဆီလက်ခ်က ဆိုပါတယ်။
အာဖရိက အကောင်းဆုံးကစားသမားဆု ၄ ကြိမ်ရခဲ့တဲ့ ယာယာတိုရေးဟာ ပြီးခဲ့တဲ့နှစ်က မန်စီးတီးမှာ ခြေစွမ်းပြ ကစားခဲ့ပေမယ့် နည်းပြသစ် ဂွာဒီယိုလာ ရောက် လာပြီး နောက်ပိုင်းမှာတော့ ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167241





No comments:
Post a Comment