Thursday, September 8, 2016
ဘရာဇီးတိုက်စစ်မှူးဟောင်း ဇစ်ကို၏ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့သည့် နေမာ
ဘရာဇီး တိုက်စစ်မှူး နေမာဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် ကိုလံဘီယာနဲ့ ပွဲမှာ အနိုင်ဂိုး ၁ ဂိုး သွင်းယူ ခဲ့တာကြောင့် ဘရာဇီး အသင်း သမိုင်း တလျှောက် စတုတ္ထ ဂိုးအများဆုံး သွင်းယူ ထားတဲ့ ဇစ်ကိုရဲ့ ၄၈ ဂိုးစံချိန်ကို အမှီလိုက်နိုင် ခဲ့ပါတယ်။
ဇစ်ကိုဟာ ၁၉၇၆ ကနေ ၁၉၈၆ ခုနှစ်အထိ ဘရာဇီးအသင်းမှာ ပွဲပေါင်း ၇၁ ပွဲကစားပြီး ၄၈ ဂိုး သွင်းခဲ့တာပါ။
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ နေမာ အနေနဲ့ ဘရာဇီး အတွက် ပွဲပေါင်း ၇၂ ပွဲမှာ ၄၈ ဂိုးအထိ သွင်းယူ ထားတာဖြစ်ပြီး ဘရာဇီး အတွက် ဂိုးအများဆုံး သွင်းယူ ထားတဲ့ ဂန္ထ၀င် တိုက်စစ်မှူး ပီလီရဲ့ ၇၇ ဂိုးကိုမှီဖို့ နောက်ထပ် ၂၉ ဂိုး လိုအပ်မှာ ဖြစ်ပါတယ်။
ဘရာဇီးအသင်း အတွက် ဒုတိယ ဂိုးအများဆုံး သွင်းယူ ထားတာက ၆၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဖြစ်ပြီး ၅၅ ဂိုး သွင်းယူ ထားတဲ့ ရိုမာရီယိုက တတိယ ဂိုးအများဆုံး ကစားသမား အဖြစ် စံချိန်တင် ထားတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167497
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment