
ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံး အသင်းဟာ လာမယ့် စက်တင်ဘာ ၁၀ ရက်နေ့က စပြီး ဂျာမနီနိုင်ငံ၊ ဒွိုက်ဘက်မြို့မှာ သွားရောက် လေ့ကျင့်ဖို့ စီစဉ် ထားပါတယ်။
မြန်မာ အမျိုးသား အသင်းဟာ ဆူဇူကီး ဖလားပြိုင်ပွဲမှာ အောင်နိုင်ရေး အတွက် သွားရောက် လေ့ကျင့် တာပါ။
အခုလေ့ကျင့်တဲ့ နေရာဟာ မြန်မာ ယူ ၂၀ အသင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မှီက သွားရောက် လေ့ကျင့်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
လေ့ကျင့်ရေး ခရီးစဉ် အတွင်း နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရစ်တို့က ကလပ် အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစား သွားမယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် ထားပါတယ်။
ဆူဇူကီး ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလမှာ စတင်ပြီး မြန်မာနဲ့ ဖိလစ်ပိုင် တို့က ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ သွားမှာပါ။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/167491





No comments:
Post a Comment