မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, November 12, 2016

ဆီးဂိမ်း‌တွင် ‌ပြေးခုန်‌ပစ်‌ အားကစား ငွေနှင့်ကြေးတံဆိပ် ဆုများသာ မျှော်မှန်း




မြန်‌မာနိုင်‌ငံ‌ ပြေးခုန်ပစ်‌ အားကစား အဖွဲ့ အ‌နေနဲ့ လာမယ့်‌ မ‌လေးရှား ဆီးဂိမ်းမှာ ‌ရွှေဆု‌ ရရှိဖို့ မကျိန်း‌ aသဘဲ ‌ငွေတံဆိပ်‌နဲ့‌ ကြေးတံဆိပ်‌ ဆု‌တွေပဲ‌ မျှော်‌မှန်းနိုင်‌ မယ်‌လို့ ‌ပြေးခုန်‌ပစ်‌ အားကစား အဖွဲ့ တွဲဖက်‌ အတွင်း‌ရေးမှူး ဦးထွန်းမြင့်‌က‌ ပြောပါတယ်‌။

‌ပြေးခုန်‌ပစ်‌ အားကစား အဖွဲ့ဟာ လက်‌ရှိ အချိန်‌မှာ ကစားသမား‌ တွေရဲ့ စိတ်‌ဓာတ်‌ပိုင်း ဆိုင်‌ရာ၊ ကစားသမား‌ တွေကို လိုအပ်‌တဲ့ အားကစား ပစ္စည်း‌ ဖြည့်ဆည်း‌ ပေးနိုင်‌ မှု‌တွေ၊ အစား အ‌သောက်‌နဲ့‌ နေထိုင်‌မှု ပုံ‌စံ‌တွေမှာ အခက်‌ အခဲ‌တွေ ရှိနေပါတယ်‌။

‌နောက်‌ပြီး‌တော့ ပြိုင်ပွဲ‌တွေကျင်းပ‌ပေးမှု နည်းတာကလည်း မျိုးဆက်‌သစ်‌ ကစားသမား‌တွေ‌ ပေါ်ထွက်‌ လာမှုနည်းပြီး စိတ်‌၀င်‌စား မှုလည်း‌ လျော့လာ တယ်‌လို့ နည်းပြ တဦးဖြစ်‌တဲ့ လက်‌‌ရွေးစင်‌‌ဟောင်း ‌ရွှေတံဆိပ်‌ ဆုများရှင်‌ ‌ဒေါ်ခင်‌နန္ဒာမြင့်က ‌ပြောပါတယ်‌။

လက်‌ရှိအချိန်‌မှာ‌ ပြေးခုန်‌ပစ်‌အားကစားအ‌ဖွဲ့အ‌နေနဲ့ ‌နေပြည်‌‌တော်‌ Gold camp မှာ ကစားသမား‌တွေကို စခန်းသွင်း‌လေ့ကျင့်‌ထားပြီး‌တော့ ‌မ‌လေးရှားဆီးဂိမ်းအတွက်‌ပဲ မဟုတ်‌ပဲနဲ့ လာမယ့်ဆီးဂိမ်း‌တွေအတွက်‌ ရည်‌ရွယ်‌‌လေ့ကျင့်‌‌နေတာဖြစ်‌တယ်‌လို့ သိရပါတယ်‌။

‌ပြေးခုန်‌ပစ်‌အားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ စင်‌ကာပူဆီးဂိမ်းမှာ ‌ငွေ ၂ဆု ‌ကြေး ၃ ဆု ရရှိထားပါတယ်‌။

သတင်း၊ဓာတ်‌ပုံ-ထက်‌လူ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175824

No comments:

Post a Comment