
ချီလီ လက်ရွေးစင် အသင်း အနေနဲ့ ဒဏ်ရာ ရနေတဲ့ ဆန်းချက်ဇ်ကို စွန့်စားပြီး ပွဲထွက် ကစားခွင့် မပြုဖို့ အာဆင်ဝင်ဂါးက တောင်းဆို လိုက်ပါတယ်။
အာဆင်နယ် အသင်းမှာ ခြေစွမ်းပြ နေတဲ့ ဆန်းချက်ဇ်ဟာ ကြွက်သား ဒဏ်ရာ ရရှိ နေပြီး ကိုလံဘီယာ အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲကို လွဲချော် ခဲ့ပါတယ်။
ချီလီလက် ရွေးစင် အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ဥရုဂွေး အသင်းနဲ့ ကမ္ဘာ့ ခြေစစ်ပွဲ ကစားရမှာဖြစ်ပြီး ဒဏ်ရာ ရနေတဲ့ ဆန်းချက်ဇ်ကို စွန့်စားပြီး အသုံး မပြုဖို့ အာဆင်ဝင်းဂါးက ဆန္ဒရှိနေတာပါ။
ဆန်းချက်ဇ်ဟာ နိုင်ငံအတွက်ရော ကလပ်အသင်း အတွက်ပါ အားကိုရတဲ့ သူဖြစ်ပြီး ဒဏ်ရာရနေ ရင်တောင် ပွဲထွက် ကစားချင်တဲ့က စားသမားဖြစ်လို့ အသင်း တာဝန်ရှိသူတွေ အနေနဲ့ ဆန်းချက်ဇ်ကို ဖျောင်းဖျပေးဖို့လိုတယ်လို့လည်း အာဆင်ဝင်းဂါးက ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပြိင်ပွဲမှာ မန်ယူ အသင်းနဲ့တွေ့ဆုံ နေတာဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175757

No comments:
Post a Comment