Saturday, November 12, 2016
မန်ယူ နောက်ခံလူ စမောလင်း ခြေထောက် ဒဏ်ရာကြောင့် ၁ လခန့် အနားယူ ရမည်
မန်ယူ နောက်တန်း ကစားမား စမောလင်းဟာ ခြေချောင်းရိုး ကျိုးတဲ့ ဒဏ်ရာကြောင့် အနည်းဆုံး ၁ လလောက် အနားယူ ရတော့မှာ ဖြစ်ပါတယ်။
စမောလင်းဟာ ချဲလ်ဆီး အသင်းကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး နောက်ပိုင်း မန်ယူ အသင်းမှာ ပြန်လည် ကစားခွင့် မရသေး တာပါ။
စမောလင်းရဲ့ ခြေချောင်းရိုး ဒဏ်ရာဟာ နှစ်နေရာ အထိ ထိခိုက် ခဲ့ရ တာကြောင့် နောက်ထပ် ၁ လခန့် အနားယူ ရမှာဖြစ်ပြီး ခရစ္စမတ် ပွဲကျပ် ကာလမှ ပြန်လည် ကစားနိုင်ဖွယ် ရှိနေ ပါတယ်။
မန်ယူအသင်း ခံစစ်မှာ ဖီးလ်ဂျူံး ဒဏ်ရာ ကနေပြန် ကောင်း လာပြီဖြစ် ပေမယ့် အဲရစ်ဘိုင်လေ ကတော့ ဆက်လက် အနား ယူရဦးမှာပါ။
စမောလင်း အနေနဲ့ ၁ လခန့် အနားယူ ရမှာဖြစ် တာကြောင့် အာဆင်နယ်၊ ဖီယင်နု၊ ၀က်စ်ဟမ်း၊ အဲဗာတန်၊ စပါး၊ ခရစ္စတယ်ပဲလေ့ စတဲ့ ပွဲစဉ်တွေ အပြင် စုစုပေါင်း ၉ ပွဲလောက် ပါဝင် ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175735
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment