မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 4, 2016

ဖီနာဘာချီအသင်းကို မန်ယူ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် အုပ်စုအေ ပွဲစဉ် ၄ အဖြစ် တူရကီ ကလပ် ဖီနာဘာချီနဲ့ အင်္ဂလန် ထိပ်သီး မန်ချက်စတာ ယူနိုက်တက်တို့ နိုဝင်ဘာ ၃ ရက်ညက ယှဉ်ပြိုင်ရာ ဖီနာဘာချီက အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒါဟာ အောက်တိုဘာ ၂၁ ရက် မန်ယူကွင်းမှာ ယှဉ်ပြိုင် ခဲ့တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တဲ့ ဖီနာဘာချီ အတွက် မန်ယူကို အကောင်းဆုံး လက်စားချေ လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ပွဲစပြီး ၁ မိနစ်ကျော်ကျော်မှာပဲ ဖီနာဘာချီတိုက်စစ်မှူး မူဆာဆောဝ် (Moussa Sow) က မန်ယူဂိုးဧရိယာထဲကနေ နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းပြီး အဖွင့်ဂိုး သွင်းယူပေး ခဲ့တာပါ။

ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ ပထမပိုင်းမှာ ဖီနာဘာချီက ၁ ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ဆင် ကစားတဲ့ ဖီနာဘာချီအသင်းရဲ့ ကစားကွက်ကို ယှဉ်မကစားနိုင် ခဲ့သလို အပေးအယူ အချိတ်အဆက်တွေလည်း လွဲချော်နေခဲ့ပါတယ်။

ဖီနာဘာချီအတွက် ဒုတိယဂိုးကို ပွဲချိန် ၅၉ မိနစ်မှာ ပြစ်ဒဏ်ဘောမှတဆင့် တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။

မန်ယူအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ အသင်းခေါင်းဆောင် ၀ိန်းရွန်နီက သွင်းယူပေးခဲ့ပါတယ်။

ဒီအုပ်စုက အခြားပွဲစဉ်ဖြစ်တဲ့ ယူကရိန်းကလပ် ဇော်ယာနဲ့ နယ်သာလန်ကလပ် ဖီယင်နုတို့ တဘက် ၁ ဂိုးစီ သရေကျသွားပါတယ်။

ပွဲစဉ် ၄ အပြီး ဒီအုပ်စုမှာ ဖီယင်နုနဲ့ ဖီနာဘာချီတို့က ရမှတ် ၇ မှတ်စီတူညီပေမယ့် ဂိုးကွာခြားချက် အသာရတဲ့ ဖီယင်နုက အုပ်စု ပထမ၊ ဖီနာဘာချီက အုပ်စု ဒုတိယ၊ မန်ယူက ၆ မှတ်နဲ့ အုပ်စု တတိယ၊ ဇော်ယာက ၂ မှတ်နဲ့ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/174604

No comments:

Post a Comment