
ဘိုင်ယန် မြူးနစ် အသင်းက ကွင်းလယ် ကစားသမား ရီဘာရီကို တနှစ်စာချုပ် သက်တမ်း တိုးလိုက် ပါတယ်။
စာချုပ် သစ်ကြောင့် ပြင်သစ် ကွင်းလယ် ကစား သမားဟာ ဂျာမန် ကလပ်မှာ ၂၀၁၈ အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ် အရွယ် ရီဘာရီဟာ ဘွန်ဒတ်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အတွက် ၁၀ ရာသီ ကစားပေး ထားပြီး ပွဲပေါင်း ၃၃၃ ပွဲမှာ ၁၀၈ ဂိုး သွင်းပေး ထားပါတယ်။
သူဟာ အသင်းနဲ့ အတူ အမှတ်ပေး ချန်ပီယံဆု ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ရဖူး ထားပါတယ်။
ရီဘာရီဟာ ပြင်သစ် ကလပ် မာဆေးကနေ ၂၀၀၇ မှာ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - espnfc
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177772





No comments:
Post a Comment