
လီဗာပူး တိုက်စစ်မှူး ကော်တင်ဟိုဟာ ခြေချင်းဝတ် ဒဏ်ရာ အတွက် ဒီကနေ့မှာ စစ်ဆေးမှု ခံယူ ရမှာပါ။
ကော်တင်ဟိုဟာ နိုဝင်ဘာ ၂၆ ရက်က ဆန်းဒါးလန်းကို အနိုင် ရတဲ့ ပွဲမှာ ခြေချင်းဝတ် ဒဏ်ရာ ရခဲ့တာပါ။
အသက် ၂၄ နှစ် အရွယ် ဘရာဇီး ကစားသမားဟာ ဒီနှစ်ရာသီ ပရီးမီးယား လိဂ်မှာ လီဗာပူး အတွက် ၅ ဂိုး သွင်းပေး ထားပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးမှု ၆ ကြိမ် လုပ်ပေး ထားပါတယ်။
တိုက်စစ်မှူး ကော်တင်ဟိုဟာ ဒီရာသီမှာ ကလပ်အသင်း လီဗာပူးရော နိုင်ငံအသင်း ဘရာဇီးမှာပါ ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - Getty
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177775





No comments:
Post a Comment