
နိုဝင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်တဲ့ အာဆင်နယ်နဲ့ ဆောက်သမ်တန် တို့ရဲ့ လိဂ်ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဆောက်သမ်တန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင် ရပြီး ဆီမီး ဖိုင်နယ် တက်ရောက် သွားပါတယ်။
ဒါဟာ ဆောက်သမ်တန် အသင်း အတွက် ၁၉၈၇ ခုနှစ် aနာက်ပိုင်း ပထမဆုံး အကြိမ် လိဂ်ဖလား ဆီမီးကို တက်ရောက် တာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန် သွင်းခွင့်တွေ မှာပါ အသာစီး ရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုး ကိုတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဆောက်သမ်တန် ကတော့ ရတဲ့ အခွင့်အရေးကို အပိုင် အသုံးချနိုင် ခဲ့တဲ့ အတွက် လိုအပ်တဲ့ အောင်ပွဲကို ရယူနိုင် ခဲ့တာပါ။
ဆောက်သမ်တန် အတွက် အနိုင်ဂိုး တွေကို ပွဲချိန် ၁၃ မိနစ်မှာ ကလပ်စီနဲ့ ၃၈ မိနစ်မှာ ဘာထရန်တို့က သွင်းယူပေး ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178122





No comments:
Post a Comment