
ချဲလ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီဟာ နည်းပြ ကွန်တီ လက်ထက်မှာ ပွဲထွက်ခွင့် မရ ဖြစ်နေ တာကြောင့် ဒီနှစ် ဘောလုံးရာသီ အကုန်မှာ အသင်း ကနေ ထွက်ခွာ ရဖို့ ရှိနေ ပါတယ်။
ချဲလ်ဆီး အသင်းဟာ ၀ါရင့် နောက်ခံလူ တယ်ရီကို ပြီးခဲ့တဲ့ ရာသီအစက တနှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို ခဲ့ပြီး လာမယ့် ရာသီ အတွက် ကမ်းလှမ်းမှု မရှိတော့ ဘူးလို့ သိရပါတယ်။
နည်းပြကွန်တီအနေနဲ့လည်း လက်ရှိခံစစ်အတွဲဖြစ်တဲ့ ဒေးဗစ်လူးဝစ်နဲ့ ဂယ်ဂီကာဟေးလ်တို့ရဲ့ ခြေစွမ်းကို ကျေနပ်မှုရှိနေတာကြောင့် တယ်ရီအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ အပြီးသတ် လမ်းခွဲဖို့ နီးစပ်နေတာပါ။
ဂျွန်တယ်ရီရဲ့ နေရာအတွက် ဂျူဗင်တပ်စ်နောက်ခံလူ ဘူနုချီနဲ့ ရိုးမားက ရူဒီဂါတို့နဲ့ အစားထိုးဖို့လည်း ကြိုးပမ်းနေပါတယ်။
အသက် ၃၆ နှစ်ရှိ ဂျွန်တယ်ရီကို တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းက တနှစ် ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ပြည်ပထွက်ကစားဖို့ ဆန္ဒမရှိ တာကြောင့်
ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျွန်တယ်ရီဟာ ၁၉၉၅ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး ၂၁ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၄ လုံး၊ အက်ဖ်အေဖလား ၅ လုံး၊ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ၁ လုံးစီ ရယူနိုင်ခဲ့ပြီး ပွဲပေါင်း ၇၁၀ ပွဲအထိ ကစားထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178252





No comments:
Post a Comment