မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 6, 2016

ပရီးမီးယားလိဂ်ပွဲစဉ် မစ်ဒယ်ဘရော့ ၁ – ၀ ဟားစီးတီး (ရုပ်သံဟိုက်လိုက်)




ဒီဇင်ဘာ ၅ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မစ်ဒယ်ဘရော့က ဟားစီးတီးကို အိမ်ကွင်းမှာ ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရ သွားပါတယ်။

ဘိုရိုအသင်း အတွက် အနိုင်ဂိုးကို မိနစ် ၆၀ မှာ ရာမီရက်စ်က ခေါင်းတိုက် သွင်းယူပါတယ်။

ဒီပွဲမှာ အိမ်ရှင် ဘိုရိုအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။

ဒီပွဲအတွက် အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရာမီရက်စ်ကပဲ ရရှိသွားပါတယ်။

ဟားစီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးကစားတဲ့ ၁၀ ပွဲမှာ ၈ ပွဲမြောက် ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။

ဘိုရိုကတော့ ဒီပွဲနိုင်လို့ ၁၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာကို တက်လှမ်းသွားပါတယ်။

ဟားစီးတီးကတော့ ၁၁ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178748

No comments:

Post a Comment