မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 6, 2016

ဘောလုံးသမားများ ဆုံးရှုံးခဲ့သည့် ဘရာဇီးကလပ်ကို ချန်ပီယံဆုပေးအပ်




လေယာဉ် ပျက်ကျ မှုကြောင့် ဘောလုံး သမားတွေ အသက် ဆုံးရှုံးခဲ့ ရတဲ့ ဘရာဇီး ကလပ် ချာပက်ကိုယန်ဆီ အသင်းဟာ ကိုပါ ဆုဒါမီရီကာနာ ချန်ပီယံ ဆုကို ရရှိသွား ပါတယ်။

ပြီးခဲ့တဲ့ တပတ် နိုဝင်ဘာ ၂၈ ရက်နေ့က ဗိုလ်လုပွဲ ပထမအကျော့ ကစားဖို့ ကိုလံဘီယာနိုင်ငံကို အသွားမှာ လေယာဉ် ပျက်ကျလို့ ကစားသမားနဲ့ အသင်း တာဝန်ရှိသူတွေ အပါအ၀င် ၁၉ ဦး သေဆုံးခဲ့ပါတယ်။

ပြိုင်ဘက် ကိုလံဘီယာကလပ် အက်တလက်တီကို နေစီယွန်နယ်အသင်းက ချန်ပီယံဆုကို ချာပက်ကိုယန်ဆီအသင်းကို ပေးအပ်ဖို့ တောင်းဆိုခဲ့လို့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က လက်ခံပြီး ချန်ပီယံဆုကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်။

ဆုကြေးအဖြစ် ဘရာဇီးကလပ် ချာပက်ကိုယန်ဆီအသင်းက အမေရိကန်ဒေါ်လာ ၂ သန်း ရရှိမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက လေယာဉ်ပျက်ရာမှာ သေဆုံးသွားတဲ့ ကစားသမားတွေရဲ့ ရုပ်အလောင်းတွေကို ချာပက်ကိုယန်ဆီအသင်းက ကွင်းအတွင်းမှာယူဆောင်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

ဘရာဇီး စီးရီးအေ အမှတ်ပေးပြိုင်ပွဲမှာ ကစားနေတဲ့ ချာပက်ကိုယန်ဆီအသင်းကို ၃ နှစ်ကြာ ပြန်လည်တည်ဆောက်ဖို့ အချိန်ပေးထားပြီး တန်းဆင်းရမယ့် အရေးကြုံရင်လည်း ကင်းလွတ်ခွင့်ပေးဖို့ အသင်းတွေက ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။

ဓာတ်ပုံ - Getty

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178751

No comments:

Post a Comment