Tuesday, December 6, 2016
မန်မာနှင့် ထိုင်းပွဲစဉ်တွင် မှောင်ခိုလက်မှတ် ရောင်းချသူများကို ထောင်ဒဏ် ၇ ရက် ချမှတ်
မြန်မာနဲ့ ထိုင်း အသင်း ပွဲစဉ်မှာ မှောင်ခို လက်မှတ် ရောင်းချ ခဲ့တဲ့ သူတွေကို သင်္ဃန်းကျွန်း တရားရုံးက ထောင်ဒဏ် ၇ ရက် ချမှတ် လိုက်ပါတယ်။
မြန်မာနဲ့ ထိုင်း ပွဲစဉ်မှာ မှောင်ခို လက်မှတ် ရောင်းချသူ ၉ ဦး ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပြီး ၀င်းတင် (၄၇နှစ်)၊ ဇော်ရှိန်း (၃၂နှစ်)၊ အောင်ဖြိုးဆွေ (၂၃နှစ်)၊ သက်ထွန်းအောင် (၃၆နှစ်)၊ ဇော်မင်းလတ် (၄၁နှစ်)၊ ၀င်းနိုင် (၅၅နှစ်)၊ သန်းသန်းအေး (၃၂နှစ်)၊ ကြည်သာဖြိုး (၂၄နှစ်)၊ သင်းသင်းမာ (၃၁နှစ်) တို့ကို ပုဒ်မ၄၁(၁၄) နဲ့ (၁၆) တွေ အရ ထောက်ဒဏ် ၇ ရက် ကျခံစေဖို့ အမိန့် ချမှတ် ခဲ့တာ ဖြစ်ပါတယ်။
မှောင်ခို လက်မှတ် ရောင်းချတဲ့ သူတွေကို ဖမ်းဆီး အရေးယူ ခဲ့သလို ဆူပူ ရမ်းကားတဲ့ ပရိသတ် တဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပြီး ပုဒ်မ ၄၁ အများပြည်သူ စိတ်အနှောင့် အယှက် ဖြစ်အောင် အော်ဟစ် ရမ်းကား မှုနဲ့ပဲ တရားစွဲဆို ထားပါတယ်။
ဒါ့အပြင် ဘောလုံးပွဲမှာ လက်နက် ကိုင်ဆောင်ခဲ့တဲ့ ပရိသတ် ၆ ဦးကိုလည်း ပုဒ်မ ၁၉(က) နဲ့ တရားစွဲဆို ထားတယ်လို့ သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ကျော်စိုးမိုးက ပြောပါတယ်။
မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲစဉ်မှာလည်း လက်မှတ်မှောင်ခိုရောင်းချသူ ၄ ဦးကို သင်္ဃန်းကျွန်းတရားရုံးက ဒဏ်ငွေ ၅၀ စီ ချမှတ်ခဲ့ပါတယ်။
မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့မှာ ပရိသတ်ဦးရေ ၃၃၁၂၂ ဦးရှိခဲ့ပြီး မှောင်ခိုလက်မှတ်ဈေးနှုန်းမှာ ရိုးရိုးတန်း ကျပ် ၄ သောင်းခန့်ကနေ အထူးတန်း ကျပ်တသိန်းအထိ ဈေးပေါက်ခဲ့တယ်လို့ သိရပါတယ်။
From : ဒီဗွီဘီ By လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/178754
Subscribe to:
Post Comments (Atom)
No comments:
Post a Comment