မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 6, 2016

အမြင့်ဘောကစားသည့် အဲဗာတန်ကြောင့် ဖယ်လိုင်နီကို လူစားလဲခြင်းဖြစ်ဟု မော်ရင်ဟို ပြော




အမြင့်ဘော ကစားတဲ့ အဲဗာတန် အသင်းရဲ့ ကစား ပုံကြောင့် ဖယ်လိုင်နီကို လူစားလဲ ကစားစေ ခဲ့တယ်လို့ မန်ယူ နည်းပြ မော်ရင်ဟိုက ပြောကြား လိုက်ပါတယ်။

မန်ယူ အသင်းဟာ အဲဗာတန် အသင်းနဲ့ ပွဲမှာ ၁ ဂိုး အသာနဲ့ ဦးဆောင် ကစားနိုင် ခဲ့ပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင် ကစားသမား ဖယ်လိုင်နီရဲ့ ဖျက်ထုတ် မှုကြောင့် အဲဗာတန်အသင်းဘက်ကို ပင်နယ်တီပေး ခဲ့ရပြီး သရေ ၁ မှတ်ပဲ ရခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ အမြင့်ဘောကစားတဲ့ အသင်းဖြစ်ပြီး ဂိုးသမားကနေ တိုက်စစ် အထိ တိုက်ရိုက်ဘောလုံးပေးပို့ ကစားနေ တာကြောင့် အရပ်အမောင်းမြင့်မားတဲ့ ဖယ်လိုင်နီကို ထည့်ပြီး အဲဗာတန် အသင်းရဲ့ တိုက်စစ်ကို ဟန့်တားစေ ခဲ့တာဖြစ်တယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။

အမြင့်ဘော ကစားတဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့ အခါ အရန်ခုံမှာ အရပ်ရှည်တဲ့ ကစားသမား ရှိမယ်ဆိုရင် အသင်းအနိုင်ရဖို့ အတွက် ဘယ်နည်းပြ မဆို အရပ်ရှည်တဲ့ ကစားသမားကို ထည့်သွင်း အသုံးပြုမှာ ဖြစ်တယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်သာ ရရှိထားတဲ့ အတွက် အမှတ်ပေးဇယား အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178760

No comments:

Post a Comment