
ချန်ပီယံ စိတ်ဓာတ် ကြောင့် လီဗာပူး အသင်းကို နောက်ကနေ လိုက် ကစားပြီး အနိုင် ရတာ ဖြစ်တယ်လို့ ဘုန်းမောက် နည်းပြ အက်ဒီ ဟိုဝီက ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့က ပရီးမီးယားလိ ဂ်ပွဲစဉ်မှာ လီဗာပူး အသင်းဟာ ဘုန်းမောက် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေပြီးမှ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့တာပါ။
ဒီပွဲမှာ အသင်းက ချန်ပီယံ စိတ်ဓာတ်ရှိတဲ့ အသင်း ဆိုတာကို ပြသနိုင် ခဲ့တယ်လို့ နည်းပြက ပြောပါတယ်။
အခုလို အောင်ပွဲရတဲ့နေ့ကို မမေ့နိုင်သလို ကစားသမားတွေအတွက်လည်း ဂုဏ်ယူတယ်လို့ ဆိုပါတယ်။
ဘုန်းမောက်အသင်းဟာ လောလောဆယ် ၁၈ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178771

No comments:
Post a Comment