မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 17, 2016

ဆူဇူကီး အကောင်းဆုံး လူငယ်ကစားသမား စာရင်း အဆင့် ၂ နေရာတွင် အောင်သူ ပါဝင်




မြန်မာ့ လက်ရွေးစင် အသင်းရဲ့ လူငယ် တိုက်စစ်မှူး အောင်သူဟာ Goal.com ကရွေးချယ်မယ့် ဆူဇူကီး ဖလားပြိုင်ပွဲရဲ့အကောင်းဆုံး လူငယ် ကစားသမား စာရင်းမှာ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။

အောင်သူဟာ အွန်လိုင်းက ပေးတဲ့ မဲပေါင်း ၇၁၄၃ (၃၇ ရာခိုင်နှုန်း) ရထားပြီးတော့ အဆင့် ၂ နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား မက်ဆီလို့ တင်စားနေကြတဲ့ ချန်ဗန်ကာ ကတော့ မဲအရေ အတွက် ၉၄၀၅ (၄၉ ရာခိုင်နှုန်း) ရထားပြီးတော့ ထိပ်ဆုံးက ရပ်တည်နေတာပါ။

တတိယနေရာမှာကတော့ ကမ္ဘောဒီးယားလူငယ်ကစားသမား ချီရီယန်းပိုလ်ရောသ့် က ၁၄၉၆ မဲ နဲ့ရပ်တည်နေပြီး ဗီယက်နမ်လူငယ်ကစားသမား ဗူဗန်သန်ကတော့ ၁၀၂၂ မဲ (၅ ရာခိုင်နှုန်း)နဲ့ အသီးသီးရပ်တည်နေကြပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/180078

No comments:

Post a Comment