Saturday, December 17, 2016
စာချုပ်အသစ် ချုပ်ဆိုရန် ဆန်းချက်စ်အား အာဆင်နယ်အသင်း ကမ်းလှမ်း
အာဆင်နယ် အသင်းဟာ အသင်းရဲ့အဓိက ကွင်းလယ် ကစားသမား အလက်ဆစ် ဆန်းချက်စ်ကို တနှစ်ကို ပေါင် ၉ ဒသမ ၃ သန်း တန်ဖိုးရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ကမ်းလှမ်း ထားခဲ့ပါတယ်။
ဆန်းချက်စ်ဟာ လက်ရှိ အချိန်မှာ တပတ် လုပ်ခ ပေါင် ၁ သိန်း ၃ သောင်း ရရှိနေပြီးတော့ ပေါင် ၁ သိန်း ၈ သောင်းထိ ရရှိမှာပဲ ဖြစ်ပါတယ်။
ဆန်းချက်စ်ကတော့ သူ့ရဲ့လုပ်ခလစာကို အနည်းဆုံး ပေါင် ၂ သိန်းခွဲအထိရရှိလိုနေပြီးတော့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်။
ဆန်းချက်စ်ကို တရုတ်ကလပ်အသင်းတခုကလည်း တပတ်လုပ်ခပေါင် ၄ သိန်းပေးခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီးတော့ ဆန်းချက်စ်ရဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းဟာလည်း ၁၈ လ သာကျန်ရှိတော့တာဖြစ်ပါတယ်။
နောက်ထပ်ကစားသမားတဦးဖြစ်တဲ့ အိုဇေးလ်ကတော့ မကြာတော့တဲ့အချိန်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေသလို ဟိုးလ်ဒင်း၊ ကိုကွီလင်နဲ့ ဂီရောဒ့်တို့ဟာလည်း အသီးသီး ချုပ်ဆိုသွားဖို့ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180063
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment