
အာဆင်နယ် ကွင်းလယ် ကစားသမား ကာဇိုလာဟာ ခြေကျင်းဝတ် ဒဏ်ရာ သက်သာ လာခြင်း မရှိတာကြောင့် ရာသီကုန် အထိ အနားယူ ရတော့မယ်လို့ သိရပါတယ်။
အသက် ၃၂ ရှိ ကာဇိုလာဟာ ခြေကျင်းဝတ် ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူထားသူဖြစ်ပြီး မတ်လအတွင်းကစားနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ ကာဇိုလာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အသင်းအတွက် နောက်ဆုံးကစားခဲ့တာပါ။
နောက်ထပ် အနည်းဆုံး ၆ ပတ်လောက် ဆက်လက်အနားယူရတော့မှာဖြစ်တာကြောင့် လာမယ့်ဘောလုံးရာသီမှ ပြန်လည်ကစားနိုင်တော့မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ရမ်ဆေးလည်းဒဏ်ရာရနေပြီး အသစ်ခေါ်ယူထားတဲ့ ချာကာနဲ့အယ်နီနီတို့ကလည်း အကောင်းဆုံးခြေစွမ်းမရသေးတာကြောင့် တောင်ပံကစားသမားချိန်ဘာလိန်ကို ကွင်းလယ်နေရာမှာ ထားကစားခဲ့ရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/191467





No comments:
Post a Comment