
လက်စတာ နည်းပြ ရာထူး ကနေ ထုတ်ပယ် လိုက်တဲ့ နည်းပြ ယာနီရေးရီရဲ့ နေရာ အတွက် အီတလီ နည်းပြ မန်ချီနီကို ခန့်အပ် မယ်လို့ ရေပန်း စားနေ ပါတယ်။
နည်းပြ ယာနီရေးရီဟာ ပြီးခဲ့တဲ့နှစ်က လက်စတာ အသင်းကို ပရီးမီးယားလိဂ် ချန်ပီဖြစ်အောင် စွမ်းဆောင် ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာ သီမှာတော့ တန်းဆင်း ဇုန်နား aရာက်နေတဲ့ အတွက် အခုလို ထုတ်ပယ် လိုက်တာ jဖစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ နည်းပြသစ် ခန့်အပ်ရခြင်း မရှိသေးခင်မှာ လက်ထောက် နည်းပြ ရှိတ်စပီးယားနဲ့ စတောဝဲလ်တို့ က ယာယီ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
လက်စတာ နည်းပြရာထူး အတွက် လက်ရှိ အချိန်မှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ မန်စီးတီးနဲ့ အင်တာမီလန် နည်းပြဟောင်း မန်ချီနီကို ခန့်အပ် မယ်လို့ ရေပန်း စားနေတာ ဖြစ်ပါ တယ်။
မန်ချီနီရဲ့နောက်မှာ ရုရှားနည်းပြ ဂူဟင့်ဒင့်၊ မြောက်အိုင်ယာလန်နည်းပြ အိုနေးလ်တို့လည်း လက်စတာနည်းပြဖြစ်လာမယ်လို့ အစဉ်လိုက်ရေပန်းစားနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/191447





No comments:
Post a Comment