
ယူရိုပါလိဂ် ရှုံးထွက် ၃၂ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် အင်္ဂလန် ကလပ် တော့တင်ဟမ် ဟော့စပါးစ်နဲ့ ဘယ်လ်ဂျီယံ ကလပ် ဂျန့်တို့ ဖေဖော်ဝါရီ ၂၃ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျ သွားပါတယ်။
အိမ်ကွင်းမှာ ယှဉ်ပြိုင် ရတဲ့ ဒီပွဲမှာ စပါးစ် အသင်းဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့သလို ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့် မှာပါ အသာစီး ရခဲ့ပေမယ့် ပထမပိုင်း ၃၂ မိနစ်မှာပဲ တိုက်စစ်မှူး အယ်လီ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံ ခဲ့ရတဲ့ အတွက် ကျန်ပွဲချိန်တွေကို ဆယ်ယောက်တည်းနဲ့ ယှဉ်ပြိုင် ခဲ့ရတာပါ။
စပါးစ်အတွက် အဖွင့်ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ အဲရစ်ဆင်က သွင်းယူပေးခဲ့ပေမယ့် မိနစ် ၂၀ မှာ စပါးစ်တိုက်စစ်မှူး ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျ ခဲ့ပါတယ်။
ဒီနောက် ၆၁ မိနစ်မှာ ဝမ်ယာမာက စပါးစ်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၂ မိနစ်မှာ ပါဘက်က ဂျန့်အတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျသွားပါတယ်။
ဒီနှစ်သင်း ပထမအကျော့ ဂျ့န်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တုန်းက ၁ ဂိုး ဂိုးမရှိနဲ့ စပါးစ် ရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး စပါးစ်အသင်း ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/191223






No comments:
Post a Comment