
မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူ အသင်းက ပွဲပြီး ကာနီးမှ ပေးလိုက် ရတဲ့ ပင်နယ်တီကြောင့် အဲဗာတန်နဲ့ သရေ တမှတ်စီ ခွဲယူ လိုက်ရပါတယ်။
မန်ယူက တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ခ်ျရဲ့ ၄၂ မိနစ်မှာ သွင်းတဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင် ခဲ့ပါတယ်။
အဝေးကွင်းဖြစ်ပေမယ့်လည်း မန်ယူအသင်းက ဘောလုံး ပိုင်ဆိုင်မှုသာနဲ့ ကစားနိုင်ခဲ့ပါတယ်။
အဲဗာတန်အတွက် ချေပဂိုးကို ၈၅ မိနစ်မှာ လူစားဝင်လာတဲ့ မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီရဲ့ ဖျက်ထုတ်မှုကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီကို လေတန် ဘိန်းစ်က သွင်းယူပြီး ရသွားတာပါ။
အဲဗာတန်အတွက်တော့ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
ဒီပွဲသရေကျလို့ မန်ယူက ၂၁ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးနဲ့ ၁၃ မှတ်အကွာကို ရောက်ရှိသွားပါတယ်။
အဲဗာတန်ကတော့ အမှတ် ၂၀ နဲ့ အဆင့် ၈ မှာ ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178559

No comments:
Post a Comment